■ ကိုရီးယားဖျော်ဖြေရေးလောကရဲ့ အနာဂတ်ကို ဦးဆောင်မယ့် အချောလေး (၂) ဦး

— – – ဒီမင်းသမီးငယ်လေး (၂)ဦးဟာ ဒီမျိုးဆက် Visual ကို ဦးဆောင်မယ့် သူတွေလို့ ကျွမ်းကျင်သူတွေနဲ့ ကိုရီးယားတွေက ….

ပရိသတ်အချစ်တော် မင်းသမီးလေးတွေဖြစ်တဲ့ Kim Yoo Jung နဲ့ Kim So Hyun တို့ဟာ ငယ်စဉ်ကတည်းက သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့သူတွေဖြစ်ပြီး ဒီဘက်နှစ်ပိုင်းမှာ သူတို့ရဲ့ Visual တွေကို သက်သေပြထားသူတွေ ဖြစ်ပါတယ်။

ကိုရီးယားတွေနဲ့ ကျွမ်းကျင်သူတွေကတော့ သူတို့နှစ်ယောက်ဟာ K ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ အခုမျိုးဆက် Visual တွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်လာမယ်လို့ သတ်မှတ်ထားကြပါတယ်။

Kim Yoo Jung


Kim Yoo Jung က ၁၉၉၉ စက်တင်ဘာ (၂၂)ရက်မှာ မွေးဖွားခဲ့တာပါ။ ၂၀၀၃ မှာပဲ သရုပ်ဆောင်လောကကို စတင်ခဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ခံရဆုံးကလေးသရုပ်ဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ကိုရီးယားမှာတော့ Kim Yoo Jung ကို မသိသူ အလွန်ရှားတယ်လို့ ဆိုပါတယ်။

Love In The Moonlight, Backstreet Rookie ဇာတ်လမ်းတွဲကတော့ Kim Yoo Jung ရဲ့ လက်ရှိ Visual ကို ဖော်ပြထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အခုထက် ပိုလှလာဦးမယ်ဆိုတာကို ပြောစရာလိုတောင် မလိုပါဘူး။

Kim So Hyun


အခြားတစ်ဖက်မှာလည်း Kim So Hyun ဟာ သူမရဲ့ Visual အတွက် နာမည်ကြီးသူ ဖြစ်ပါတယ်။ ၁၉၉၉ ဇွန်လ (၄)ရက်က Kim So Hyun ရဲ့ မွေးနေ့ပါ။ Kim So Hyun ဟာ သရုပ်ဆောင်လောက ၂၀၀၆ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး အဲဒီကတည်းက ဇာတ်ကား၊ ဇာတ်လမ်းတွဲတွေ တောက်လျှောက် ရိုက်လာခဲ့တာ ဖြစ်ပါတယ်။

Moon Embracing The Sun, Missing You, Love Alarm တို့က Kim So Hyun ရဲ့နာမည်ကျော် လက်ရာတွေထဲက တချို့သာ ဖြစ်ပြီး သူမရဲ့ ချစ်စရာကောင်းမှုနဲ့ ချောမောလှပမှုတွေကြောင့် အနာဂတ်မှာ ပိုအောင်မြင်လာဦးမယ်လို့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo