■ မဂ္ဂဇင်းက ဓာတ်ပုံတစ်ပုံကြောင့် Netizen တွေဆီမှာ ရစရာမရှိအောင် ဝေဖန်ခံရဖူတဲ့ IU

— – – မဂ္ဂဇင်းက ဓာတ်ပုံကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ရာမှာတော့ IU ဟာ …

ကိုရီးယားရဲ့ ပြည်သူ့အချစ်တော်လို့ ခေါ်ကြတဲ့ IU ဟာ ခပ်လန်းလန်းဓာတ်ပုံတစ်ကြောင့် ရစရာမရှိအောင် အပြောခံရဖူးတယ်ဆိုရင် အံ့သြသွားမယ် ထင်ပါတယ်။

IU ဟာ W Korea မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ခဲ့ပြီးနောက်မှာ ရိုက်ကွင်းနောက်ကွယ်က ခပ်လန်းလန်းဓာတ်ပုံကို လူမှုကွန်ရက်မှာ ပရိသတ်တွေအတွက် သူမရဲ့ Instagram မှာ ဝေမျှခဲ့တာပါ။

ပုံကတော့ မြင်တဲ့အတိုင်းပါပဲ။ IU ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ပုံဖော်တဲ့ အလန်းစားဓာတ်ပုံတစ်ပုံသာ ဖြစ်ပါတယ်။ အစိတ်အခွဲ မပါသလို၊ ဝတ်စုံကလည်း လုံလုံခြုံခြုံပါပဲ။ ဒါပေမဲ့ Netizen တွေကတော့ အောက်က ပုံမှာ မြင်တဲ့အတိုင်း IU ကို ရစရာမရှိအောင် ဝေဖန်ထားတာ ဖြစ်ပါတယ်။

ကံဆိုးတာက အဲဒီတုန်းက “Nth Room” အရှုပ်တော်ပုံလည်း ပေါ်ပေါက်နေတာလည်း အကြောင်းရင်းတစ်ခု ဖြစ်ပြီး “ဒီလောက်လေးတောင် မစဉ်းစားတတ်ဘူးလား”ကစပြီး “လှူတော့မယ်နဲ့ တူတယ်အထိ” Comment တွေက ပြင်းထန်ခဲ့တာပါ။

— ဃဲ
Ref: Koreaboo