■ အမျိုးသမီး K-Pop Idol တွေထဲမှာ အချောဆုံးလို့ IU သတ်မှတ်ထားသူ

— – – IU သူ့ကို ဘယ်လောက်တောင် သဘောကျသလဲဆိုရင် နောက်ဘ၀ ပြန်လည်မွေးဖွားလာမယ်ဆိုရင် သူ့လို မျက်နှာမျိုး ပိုင်ဆိုင်ချင်တယ်လို့တောင် ဝန်ခံထားတာပါ။

အရင်တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ IU က သူမအနေနဲ့ နောက်တစ်ကြိမ် မွေးဖွားလာမယ်ဆိုရင် သူမ ပိုင်ဆိုင်ချင်တဲ့ မျက်နှာပိုင်ရှင်တစ်ယောက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

IU ပိုင်ဆိုင်ချင်တဲ့ မျက်နှာပိုင်ရှင်ကတော့ တခြားသူမဟုတ်ပါဘူး။ အဆိုတော်၊ မင်းသမီးချောလေး Suzy ပဲ ဖြစ်ပါတယ်။

“ကျွန်မ Suzy ကို အရမ်းသဘောကျပါတယ်။ Suzy က အဆိုတော်တွေအားလုံးထဲမှာ အချောဆုံးလို့ ကျွန်မ ထင်တယ်။ တကယ်လို့ ကျွန်မသာ နောက်တစ်ကြိမ် မွေးဖွားလာခဲ့မယ်ဆိုရင် Suzy ရဲ့ မျက်နှာမျိုး ပိုင်ဆိုင်ချင်ပါတယ်။ ကျွန်မ လိုချင်တဲ့ အရာအားလုံး Suzy ဆီမှာ ရှိပါတယ်။ အသားလည်း ဖြူတယ်။ နှာတံချွန်ချွန်လေးလည်း ရှိတယ်။ ပြီးတော့ အမြဲတမ်းပြုံးနေတတ်တဲ့ မျက်လုံးနဲ့ ချစ်စရာ ပါးချိတ်၊ ပြီးတော့ Suzy က အရပ်လည်း ရှည်တယ်”လို့ IU က ဆိုပါတယ်။

IU နဲ့ Suzy တို့ဟာ အသက်တစ်နှစ်ကွာပြီး Dream High ဇာတ်လမ်းတွဲမှာ ပထမဆုံး ဆုံတွေ့ခဲ့ကြတာပါ။ IU ဟာ သူမထက် အသက်ကြီးတဲ့ သူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ အလွန်အဆင်ပြေပေမယ့် သူမထက် အသက်ငယ်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာတော့ အခက်တွေ့လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် Dream High ဇာတ်လမ်းတွဲ အတူရိုက်ခဲ့ပေမယ့် IU ဟာ Suzy နဲ့ ဇာတ်လမ်းတွဲပြီးခါနီးမှ စကားပြောဖြစ်ပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ အခုတော့ သူတို့ဟာ ပရိသတ်တွေ အားကျရတဲ့ သူငယ်ချင်းဆက်ဆံရေးကို ပိုင်ဆိုင်ထားတာပါ။

— ဃဲ
Ref: Koreaboo