■ အရမ်းချောလွန်းလို့ Viral ဖြစ်နေတဲ့ ကိုရီးယား TikToker ကောင်လေး

— – – ချောလွန်းနေတာကြောင့် လူသားတစ်ယောက်အတွက် ဒီလောက်ပြီးပြည့်စုံတာ မဖြစ်နိုင်ဘူးဆိုပြီး မှတ်ချက်ပေးခံရလောက်အောင် ….

Changha ဆိုတဲ့ ကောင်လေးကို social media platforms တွေမှာ တွေ့နိုင်တာက ကံကောင်းမှုကြီးလို့ ဆိုရမှာပါ။ သူ့ရဲ့ “non-human” visuals ကြောင့် Changha ကို လူတွေက virtual လား ဒါမှမဟုတ် “heavily filtered” သုံးတာလားဆိုပြီး အထင်မှားခဲ့ကြတာပါ။

Jeon Changha က ၁၉၉၆ ခုနှစ်မှာ ဒေးဂူးမှာ မွေးဖွားခဲ့တာပါ။ သူက အင်ဂျင်နီယာ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့နှစ်ပိုင်းမှာ content creator အဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး အခု ၂၀၂၃ မှာ SOON Entertainment နဲ့ actor-singer အဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

Changha ရဲ့ Instagram က followers (၃) သန်းခွဲကျော်ရှိပြီး TikTok မှာဆိုရင်လည်း followers (၂၃) သန်း ရှိပါတယ်။ Changha ရဲ့ တချို့ဗီဒီယိုတွေက ကြည့်ရှုမှု သန်း (၉၀) ကျော်ပြီး သူဟာ အရမ်းကိုအောင်မြင်တဲ့ influencers တွေထဲက တစ်ဦးအပါအဝင်ပါပဲ။

ဒါပေမဲ့ Changha ရဲ့ ပရိသတ်တွေက ကိုရီးယားမှာထက် နိုင်ငံတကာက ပိုများပြီး ဒါကြောင့်လည်း BL web drama မှာ ပါဝင်ခွင့်ရခဲ့ကာ အခုဆို လူပိုများလာပါပြီး Changha နဲ့ပတ်သက်ပြီး ကိုရီးယားလူမှုကွန်ရက်အသုံးပြုသူတွေကတော့ အရမ်းချောတယ်။ လူဆိုရင် ဒီလောက်ကြီး ချောလို့ ရလို့လား စတဲ့ မှတ်ချက်တွေ ရေးသားနေကြပါတယ်။

Ref: Koreaboo