■ ဘာကြောင့်သရုပ်ဆောင်မင်းသမီး လုပ်နေတယ်ဆိုတာကို Song Hye Kyo ဖွင့်ဟ

— – – Song Hye Kyo ရဲ့ အနုပညာအပေါ် သဘောထားနဲ့ သရုပ်ဆောင်မင်းသမီးလုပ်နေတဲ့ အကြောင်းရင်းကို …

လူတစ်ယောက်အနေနဲ့ သူ့ရဲ့ ခံစားနေရတဲ့ ခံစားချက်ကို သူ ပြောချင်တဲ့သူကို အပြည့်အဝပြောပြနိုင်ဖို့ ဆိုတာ အင်မတန်ခက်ပါတယ်။ တစ်ခါတလေ အကြောင်းကြောင်းကြောင့် မြိုသိပ်လိုက်ရတာမျိုးတွေလည်း ရှိတယ် မဟုတ်လား။

အဲဒီလို မြိုသိပ်ရတာတွေ များလာတဲ့အခါ ခံရသူအတွက် ခက်ခဲလာပါတယ်။ ဒီပြဿနာကို လူတိုင်းကိုယ်ဟန်နဲ့ ကိုယ် ရှင်းကြပြီး Song Hye Kyo ကတော့ ဒီလိုရှင်းပါသတဲ့။ Song Hye Kyo က သရုပ်ဆောင်အလုပ်ဟာ သူမရဲ့ မြိုသိပ်ခံစားချက်တွေကို အကောင်းဆုံးထုတ်ဖော်နိုင်တဲ့ အလုပ်လို့ ယုံကြည်နေပါတယ်။

“မင်း ဘယ်သူပဲ ဖြစ်နေပါစေ။ ကိုယ့် ခံစားရသမျှကို ထုတ်ပြဖို့ဆိုတာ အရမ်းခက်ခဲတဲ့ အရာဖြစ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီ ခံစားချက်တွေကို သရုပ်ဆောင်ရင်းနဲ့ ဖော်ထုတ်ခွင့်ရနေတယ်။ ကျွန်မ နားလည်တဲ့ ဇာတ်ကောင်တွေရဲ့ ခံစားချက်တွေကို သရုပ်ဆောင်ရင်းနဲ့ ကျွန်မ ဖော်ပြနိုင်တယ်။ ဒါကြောင့် သရုပ်ဆောင်အလုပ်ကို ကျွန်မ နှစ်သက်ရတာပါပဲ”လို့ Song Hye Kyo က ဆိုပါတယ်။

Song Hye Kyo ဟာ ၁၉၉၅ ခုနှစ်မှာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး ဇာတ်လမ်းတွဲနဲ့ ဇာတ်ကားကောင်းများစွာကို ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အချစ်ကို ယနေ့တိုင် သိမ်းပိုက်ထားနိုင်ဆဲ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo