■ T-ARA ပွဲထွက်စတုန်းက အဖွဲ့ဝင်တွေရဲ့ အခက်အခဲကို ပြောပြခဲ့တဲ့ Soyeon

— – – မြန်မာနိုင်ငံက ပရိသတ်တွေ အချစ်ဆုံးအဖွဲ့တွေထဲမှာ T-ARA ကလည်း ထိပ်ဆုံးက ပါပါတယ်။ ပွဲထွက်တုန်းက အခြေအနေနဲ့ ပတ်သက်လို့ …

၂၀၀၉ ခုနှစ်မှာ ကောင်မလေး (၆)ယောက်နဲ့ ပွဲထွက်ခဲ့တဲ့ T-ARA အဖွဲ့ဟာ သူတို့ရဲ့ တစ်မူထူးတဲ့ သီချင်းတွေကြောင့် ကျော်ကြားခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ပြဿနာတွေသာ မရှိခဲ့ဘူးဆိုရင် အတော်လေးအောင်မြင်မယ့် အဖွဲ့ ဖြစ်မယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ကြပါတယ်။

သိပ်မကြာခင်က Radio Star အစီအစဉ်တစ်ခုမှာတော့ T-ARA အဖွဲ့ဝင် Soyeon က သူတို့ ပွဲထွက်တုန်းက အံ့အားသင့်ဖွယ် အကြောင်းရာတစ်ခုကို ဖွင့်ဟခဲ့တာပါ။

“T-ARA အဖွဲ့က Music Show တွေကနေတစ်ဆင့် ပွဲထွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မတို့ Radio Star ကတစ်ဆင့် ပွဲထွက်ခဲ့တာပါ။ ပြီးတော့ ကျွန်မတို့ ပွဲထွက်တုန်းက အဖွဲ့ဝင်တွေ အတူတူရှိနေတာ (၂) ပတ်သာ ရှိပါသေးတယ်။ အဲဒီ (၂)ပတ်အတွင်းမှာပဲ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ကြပြီး ကိုယ့်နာမည်တွေကို ပြောကြတယ်။ ပြီးတော့ Talent တွေ ပြကြတာပေါ့နော်။ ပွဲထွက်စတုန်းက ကျွန်မတို့ ခင်မင်ရင်းနှီးခဲ့ခြင်းမရှိဘဲ တစ်ယောက်နဲ့ တစ်ယောက် ရှိးတိုးရှန့်တန့် ဖြစ်နေခဲ့တာပါ”လို့ Soyeon က ဆိုပါတယ်။

K-pop အဖွဲ့တွေကို ပွဲထုတ်တာဟာ ထုံးစံအားဖြင့် သင်တန်းသူတွေကို အတူတူလေ့ကျင့်ခိုင်းပြီး ပွဲထုတ်လေ့ရှိပေမယ့် ပွဲထွက်ချိန်မှာ သင်တန်းသား/သူဘဝတွေကို အတူတူဖြတ်သန်းခဲ့ရတာကြောင့် အဖွဲ့ဝင်တွေရဲ့ တစ်ဦးနဲ့ တစ်ဦး ရင်းနှီးမှုကတော့ ပြောစရာတောင် မလိုပါဘူး။

ဒါပေမဲ့ T-ARA အဖွဲ့ကတော့ အဲဒီလိုဖြစ်ခဲ့ပုံမပေါ်ပါဘူး။ ဒါပေမဲ့ T-ARA အဖွဲ့ဝင်တွေဟာ နောက်ပိုင်းမှာ ညီအစ်မရင်းသဖွယ် ရင်းနှီးခဲ့ကြပြီး အောင်မြင်မှုတွေကို အတူတကွ လက်တွဲပြီး ရယူခဲ့ကြတာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo