■ ပရိသတ်တွေ ရွေးချယ်ထားတဲ့ အမျိုးသမီး K-Pop Ace များ

— – – ကိုရီးယား Netizen တွေကတော့ သူတို့ဟာ အရာအားလုံးပြည့်စုံသူတွေလို့ ဆိုကြပြီး သူတို့လုပ်ဆောင်မှုတိုင်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်တာကြောင့် K-pop ရဲ့ Ace တွေလို့ ချီးကျူးကြပါတယ်။

BoA


K-pop Industry မှာ အလေးစားခံရဆုံး Senior တွေထဲက တစ်ယောက်ပါ။ Queen of K-pop လို့ တင်စားခံရသူဖြစ်ပြီး သူမဟာ K-pop ကို ကမ္ဘာကစိတ်ဝင်စားအောင် လုပ်ခဲ့သူတွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။

Girls’ Generation Taeyeon


ကမ္ဘာကျော် Girls’ Generation အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး K-pop မှာ ပါရမီအရှိဆုံး Vocalist တွေထဲ တစ်ယောက်အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

HyunA


4Minute၊ Wonder Girls တို့ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အဆို၊ အက ဘယ်ဘက်ကမှ အပြစ်ပြောစရာမရှိအောင် ပြည့်စုံသူဖြစ်ပြီး ဖက်ရှင်ပိုင်းမှာလည်း ထိပ်တန်းက ပါဝင်သူပါ။

IU


တောင်ကိုရီးယားမှာ အချစ်ခံရဆုံး အမျိုးသမီး Idol တွေထဲက တစ်ဦးဖြစ်ပြီး PAK အများဆုံးရထားတဲ့ Idol ဖြစ်ပါတယ်။

BLACKPINK Jennie


ဂီတပတ်သက်ပြီး ပါရမီရှင်အဖြစ် သတ်မှတ်ခံရသူဖြစ်သလို၊ ဖက်ရှင်ပိုင်းမှာလည်း အမျိုးသမီး GD ဗားရှင်းလို့ အခေါ်ခံရသူပါ။ ပရိသတ်တွေ စောင့်ကြည့်ချင်ဆုံးထဲက တစ်ယောက်ပေါ့။

Red Velvet Seulgi


Main Dancer တွေ သီချင်းမကောင်းဘူးဆိုတာဟာ Seulgi အတွက် အကျုံးမဝင်ပါဘူး။ အဆို၊ အက၊ ဖျော်ဖြေမှုပိုင်းအားလုံးမှာ ပရိသတ်တွေရဲ့ ချီးကျူးခြင်း ရရှိထားသူပါ။

(G)I-DLE Soyeon


Rapping ကစလို့ အဆို၊ အက၊ charisma ဒီအပိုင်းတွေမှာ Soyeon ကို Superior idol လို့ ပြောလို့ရတယ်။ သူမရဲ့ စတိတ်ဖျော်ဖြေမှုက အကြည့်လွဲဖို့တောင် မဖြစ်နိုင်ဘူးတဲ့။

— ဃဲ
Ref: KSZ