■ စိုးရိမ်ထိတ်လန့်တိုင်းအခါတိုင်း သူ့ကိုယ်သူ G-Dragon လို့ပြောပြီး Moti ယူတဲ့ မင်းသား

— – – G-Dragon လို့ နှလုံးသွင်းလိုက်တာနဲ့ ဘာမဆိုရင်ဆိုင်ရဲတဲ့ သတ္တိတွေ တဖွားဖွား ပေါက်ဖွားလာ …

Sports World နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မင်းသား Joo Jong Hyuk က premiere events တွေ တက်တဲ့အခါ၊ ဓာတ်ပုံတွေ ရိုက်တဲ့အခါ သူ့အနေနဲ့ ကြောက်လန့်လေ့ရှိသလို၊ စိုးရိမ်စိတ်တွေလည်း အရမ်းကို များကြောင်း ပြောပြခဲ့ပါတယ်။

Extraordinary Attorney Woo ဇာတ်လမ်းတွဲမှာ ပါဝင်ပြီးနောက် နာမည်ကျော်ကြားလာတဲ့ မင်းသား Joo Jong Hyuk က သူ့အနေနဲ့ အဲဒီလိုအကြောက်တရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ သူ့ကိုယ်သူ “ငါက G-Dragon၊ ငါက G-Dragon ပဲ”လို့ ပြောပြီး အကြောက်တရားတွေကို ပယ်ဖျက်လေ့ရှိတယ်လို့ ဆိုခဲ့တာပါ။

Joo Jong Hyuk က “ကျွန်တော် ဓာတ်ပုံရိုက်တဲ့အခါတိုင်း၊ ကျွန်တော့်ကို ဓာတ်ပုံတွေ ရိုက်ကြတဲ့အခါတိုင်း ကျွန်တော်နှလုံးခုန်လေ့ရှိပြီး ပေါက်ကွဲထွက်မလားတောင် ထင်ရပါတယ်။ အဲဒီလို ဖြစ်တဲ့အခါတိုင်းမှာ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ငါက GD၊ ငါက GD ပဲ ပြောလေ့ရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Source: AKP