■ မန်နေဂျာဖြစ်သူဆီက Song Hye Kyo ရခဲ့တဲ့ Trauma

— – – The Glory ဇာတ်လမ်းတွဲမှာ ကြုံရတဲ့ ဆိုးရွားတဲ့ ခြိမ်းခြောက်မှုနဲ့ လက်တွေ့ဘဝမှာ ရင်ဆိုင်ခဲ့ရတဲ့ Song Hye Kyo ဟာ …

Song Hye Kyo စပြီး လျှမ်းလျှမ်းတောက် ကျော်ကြားနေတုန်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဟာ Song Hye Kyo သေတဲ့အထိ စွဲနေမယ့် ကြောက်လန့်စရာ traumatize ဖြစ်သွားတယ်။

လွန်ခဲ့တဲ့ (၁၈)နှစ်ဆိုတော့ ၂၀၀၅ ခုနှစ်ပေါ့။ Autumn in My Heart, Full House စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ တစ်ကမ္ဘာလုံးရဲ့ အချစ်တွေကို Song Hye Kyo သိမ်းပိုက်ထားတဲ့ အချိန်လို့ ဆိုရင်လည်း မမှားပါဘူး။ အဲဒီအချိန်မှာ မတွေးရဲစရာ ဖြစ်ရပ်တစ်ခုနဲ့ Song Hye Kyo ရင်ဆိုင်ခဲ့တာပါ။

Channel A ရဲ့ Rumor Has It ဖော်ပြချက်အရ ၂၀၀၅ ခုနှစ်မှာ Song Hye Kyo မိခင်ဖြစ်သူဟာ အမည်မသိသူတစ်ဦးဆီက Email တစ်စောင် လက်ခံရရှိခဲ့တယ်။ အဲဒီ Email မှာ ဝမ်သန်း 250 ($210,000 USD) ပေးမလား၊ သားအမိနှစ်ယောက်စလုံး hydrochloric acid နဲ့ အပက်ခံမလားဆိုပြီး မေးထားတာပါ။

တကယ်လို့ သူပြောသလို မလုပ်ဘူးဆိုရင် Song Hye Kyo ရဲ့ ပုပ်သိုးနေတဲ့ ရုပ်အလောင်းကို ပို့လိုက်မယ်ဆိုပြီးလည်း ပြောထားပါသေးတယ်။ Song Hye Kyo တို့ မိသားစုဟာ သူတို့နဲ့ ရင်းနှီးသူတွေက ဒီလိုလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအတွေးက တက်တက်စင်အောင် လွဲသွားတယ်။ Email ပို့သူကို ရဲတွေ စုံးစမ်းခဲ့အခါမှာ သူက Song Hye Kyo ရဲ့ မန်နေဂျာဟောင်းဖြစ်နေတယ်။ Song Hye Kyo ယုံယုံကြည်ကြည်နဲ့ (၃)နှစ်တောင် လက်တွဲခဲ့တဲ့ မန်နေဂျာပါ။ သူဟာ မွဲတေသွားပြီးနောက်မှာ Song Hye Kyo ဆီက ပိုက်ဆံရဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

Song Hye Kyo တို့ မိသားစုဟာ အဲဒီ Email ကြောင့် အကြီးအကျယ်ကြောက်လန့်ခဲ့ရပြီး သူတို့ဘဝအတွက် စိတ်ပူခဲ့ရတယ်။ နောက်ပိုင်း Song Hye Kyo ရဲ့ မန်နေဂျာဟောင်းဖြစ်နေမှန်း သိတဲ့အခါမှာတော့ သူတို့ အရမ်းအံ့သြသွားတယ်။ လောကမှာ ဒီလူတွေလည်း ရှိပါလားဆိုတော့ပေါ့။ အဲဒါက Song Hye Kyo ရဲ့ ရင်ထဲမှာ traumatize ဖြစ်သွားပြီး မမေ့နိုင်တဲ့ ကြောက်လန့်စရာအဖြစ် ရှိနေပါလိမ့်မယ်။

— ဃဲ
Ref: Koreaboo