■ ဒီနှစ် Comeback လုပ်မယ့် G-Dragon အပေါ် ကိုရီးယားတွေရဲ့ အမြင် ဘယ်လိုရှိလဲ

— – – G-Dragon နဲ့ ပတ်သက်လို့ သူတို့မှာ တူညီတဲ့အမြင်တွေ ရှိနေ …

King of K-pop အဖြစ် တင်စားကြတဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon က သူ့အနေနဲ့ ၂၀၁၇ နောက်ပိုင်း ပထမဆုံး Solo Comeback အဖြစ် ဒီနှစ်ထဲမှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ အတည်ပြုထားပါတယ်။

G-Dragon ရဲ့ Comeback သတင်းဟာ တစ်ကမ္ဘာလုံးလှုပ်ခတ်နိုင်ခဲ့ပြီး JerryRic YouTube channel က G-Dragon ရဲ့ Comeback နဲ့ ပတ်သက်လို့ ကိုရီးယားလူမျိုးတွေရဲ့ အမြင်တွေကို မေးမြန်းခဲ့ပါတယ်။ G-Dragon ရဲ့ Comeback နဲ့ ပတ်သက်လို့ JerryRic YouTube channel ရဲ့ မေးမြန်းမှုကို ကိုရီးယားလူမျိုးတွေရဲ့ ဖြေကြားချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“G-Dragon Comeback လုပ်မယ်ဆိုတော့ အရမ်းကောင်းပါတယ်။ သူက ကိုရီးယား ဖက်ရှင်အကျဆုံးဖြစ်ပြီး သူ့ကို မသိတဲ့သူ မရှိပါဘူး။ ကျွန်တော်ကတော့ စိတ်လှုပ်ရှားတယ်။ G-Dragon ထုတ်တဲ့ သီချင်းတိုင်းက ဂန္ထဝင်တွေချည်းဖြစ်လို့ အသစ်ထုတ်တဲ့ သီချင်းလည်း အရမ်းကောင်းမှာ သေချာပါတယ်။ G-Dragon ကြောင့် K-pop ကို လူတွေ ပိုသိလာတာဖြစ်ပြီး သူ့ရဲ့သီချင်းသစ်က K-pop ကို လူတွေ ပိုပြီးစိတ်ဝင်စားလာစေမှာပါ”

“G-Dragon ရဲ့ သီချင်းသစ်ဟာ အရင်တုန်းက K-pop လောကအတွက် ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်လာစေမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ G-Dragon ဖြစ်နေလို့ပါ”

“သူ (G-Dragon) Comeback လုပ်မယ်ဆိုတဲ့ သတင်းကို ကြားရလို့ ကျွန်တော် အရမ်းပျော်ပါတယ်။ သူက ထိပ်တန်းအနုပညာရှင်လေ။ G-Dragon ဟာ ကိုရီးယားမှာ အကောင်းဆုံးအနုပညာရှင်ဖြစ်တာကြောင့် သူ့ရဲ့ သီချင်းသစ်ကို ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ သူ့သီချင်းတွေအားလုံးကိုလည်း သဘောကျပါတယ်။ သူ့သီချင်းသစ်က Impact ဖြစ်မှာ သေချာပါတယ်”

“သူ သီချင်းသစ် မထုတ်တာကြာပြီဆိုတော့ ဒီတစ်ခါ ဘယ်ဂီတပုံစံမျိုး ဖန်တီးမလဲဆိုတာ အရမ်း သိချင်တယ်။ GD က သူများမတူတဲ့ ဂီတတွေကို ဖန်တီးသူဖြစ်တာကြောင့် သီချင်းသစ်က သူ့ရဲ့ အကောင်းဆုံးဖြစ်လာမယ်လို့ ထင်ပါတယ်။ သူက ဒီမှာရော တစ်ကမ္ဘာလုံးမှာပါ ကျော်ကြားသူဖြစ်လို့ သီချင်းသစ်က အကောင်းဆုံးဖြစ်လာမှာပါ”

— ဃဲ
Ref: JerryRic YouTube channel