■ ကမ္ဘာကျော် ဘောလုံးသမား နေမာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဝေမျှခဲ့တဲ့ Lisa

— – – BLACKPINK အဖွဲ့ဝင် Lisa ဟာ ကမ္ဘာကျော် ဘရာဇီးလ်ဘောလုံးသမား နေမာနဲ့ …

BLACKPINK အဖွဲ့ဝင် Lisa ဟာ ကမ္ဘာကျော်ဘောလုံးသမား နေမာနဲ့အတူ ပါရီမြို့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို သူမရဲ့ Instagram မှာ ဝေမျှခဲ့ပါတယ်။

ဘရာဇီးလ်နာမည်ကျော် တိုက်စစ်မှူး နေမာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ကစားနေသူဖြစ်ပြီး ပြင်သစ်သမ္မတကတော် ပြုလုပ်ခဲ့တဲ့ Le Gala des Piéces Jaunes charity event ကို တက်ရောက်ခဲ့ပါတယ်။

အဲဒီပွဲကို BLACKPINK အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပြီး Lisa ဟာ နေမာနဲ့ တွေ့ဆုံတုန်း ဓာတ်ပုံတွဲ ရိုက်ခဲ့တာ ဖြစ်ပါတယ်။ Lisa တင်ထားတဲ့ပုံကို နေမာကလည်း Instagram Story မှာ တင်ခဲ့တယ်လို့ သိရပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း BLACKPINK အဖွဲ့ “Pink Venom” သီချင်း ထုတ်ဝေတုန်းကလည်း Twitter မှာ တင်ခဲ့ပါသေးတယ်။

Ref: Koreaboo