■ ရောဘတ်ပတ်တင်ဆန်၊ ဒေးဗစ်ဘက်ခမ်းတို့နဲ့ တွေ့ဆုံခဲ့တဲ့ BTS Jimin

— – – ကမ္ဘာကျော်တွေဖြစ်တဲ့ မင်းသား ရောဘတ်ပတ်တင်ဆန်၊ ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းတို့နဲ့အတူ …

BTS အဖွဲ့ဝင် Jimin ဟာ Dior ရဲ့ ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ Dior’s fashion show ကို တက်ရောက်ခဲ့တာကို ပရိသတ်တွေ အားလုံး သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီပွဲက ဓာတ်ပုံတွေကို Jimin က ဝေမျှခဲ့တာပါ။

Jimin ဟာ Paris Fashion Week မှာ ကျင်းပခဲ့တဲ့ Dior ရဲ့ Winter 2023-2024 Men’s show ကို တခြား BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ J-Hope နဲ့အတူ တက်ရောက်ခဲ့ပြီး သူဟာ အဲဒီပွဲမတိုင်ခင် ဇန်နဝါရီအစောပိုင်းကမှ Dior ရဲ့ ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ခန့်အပ်ခဲ့ရတာ ဖြစ်ပါတယ်။

Jimin ဟာ အဲဒီပွဲမှာ ကမ္ဘာကျော်တွေနဲ့ တွေ့ဆုံခဲ့ပြီး Twilight မင်းသား Robert Pattinson၊ မန်ယူနဲ့ အင်္ဂလန်ဘောလုံးသမားဟောင်း David Beckham တို့သားအဖအပြင် Dior Men’s artistic director Kim Jones တို့နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။

Ref: Soompi