■ BTS နဲ့ BLACKPINK တို့ကို ကျော်ပြီး ဇန်နဝါရီမှာ အကျော်ကြားဆုံး Idol Group အဖွဲ့အဖြစ် ရပ်တည်ခဲ့တဲ့ အဖွဲ့

— သူတို့ဟာ ဇန်နဝါရီလအတွက် ထုတ်ပြန်တဲ့ အကျော်ကြားဆုံး Idol Group Brand Reputation Rankings မှာ ကမ္ဘာကျော်တွေဖြစ်တဲ့ BTS နဲ့ BLACKPINK တို့ကို ကျော်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာပါ …

ဇန်နဝါရီလအတွက် Idol Group Brand Reputation Rankings စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာတော့ ကမ္ဘာကျော်တွေဖြစ်တဲ့ BTS နဲ့ BLACKPINK တို့ကိုကျော်ပြီး NewJeans အဖွဲ့က ရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့ဟာ Reputation Index ( 9,400,011) ရရှိခဲ့တာပါ။

NewJeans ရဲ့ နောက် နံပါတ် 2 နေရာမှာတော့ BTS အဖွဲ့က ရပ်တည်နေပြီး Reputation Index (8,106,573) ရရှိခဲ့ပါတယ်။ နံပါတ် 3 မှာတော့ BLACKPINK အဖွဲ့က Reputation Index (4,865,510) ရရှိခဲ့ကာ ရပ်တည်ခဲ့သလို နံပါတ် 4 မှာတော့ IVE အဖွဲ့က Reputation Index (3,878,364) နဲ့ရပ်တည်ခဲ့ပါတယ်။

Korean Business Research Institute ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ Idol Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြားမှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

■ ဇန်နဝါရီလအတွက် Idol Group Brand Reputation Rankings စာရင်း

1- NewJeans
2- BTS
3- BLACKPINK
4- IVE
5- SEVENTEEN
6- (G)I-DLE
7- NCT
8- Girls’ Generation
9- BIGBANG
10- Super Junior

Ref: Soompi