■ Fan Meeting မှာ EXO D.O. သီဆိုတဲ့ အလန်းစား Cover တွေကို ခံစားနိုင်ပြီ

— – – IU, Justin Bieber ကစလို့ Baekhyun ရဲ့ သီချင်းတွေထိ D.O. အနေနဲ့ Live သီဆိုခဲ့တဲ့အလန်းစား Cover သီချင်းတွေကို …

EXO အဖွဲ့ဝင် D.O. ဟာ ဆိုးလ်က Yes24 Live Hall မှာ ‘2023 Happy D.O. Day’ အဖြစ် သူ့ပရိသတ်တွေနဲ့ အထူးတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ D.O. ဟာ သူ့ပရိသတ်တွေကို သူ့ရဲ့သီချင်းတွေဖြစ်တဲ့ “That’s Okay”, “I’m Gonna Love You”, and “Rose”, as well as EXO songs like “The First Snow”, “Peter Pan”, “Don’t Go”, “My Lady”, “Angel” တွေကို ဆိုပြခဲ့ပါတယ်။

ဒါ့ပြင် D.O. ဟာ ပရိသတ်တွေနဲ့အတူ ပျော်စရာဂိမ်းစ်တွေကိုလည်း ကစားခဲ့ပြီး IU – “Through The Night”၊ Justin Bieber – “Off My Face”၊ Baekhyun – “UN Village”၊ Crush – “Beautiful” နဲ့ Kyuhyun – “At Gwanghwamun” သီချင်းတွေကို တစ်ထိုင်တည်း Cover သီဆိုခဲ့တာပါ။

အဲဒီသီဆိုမှုတွေအတွက် D.O. ကို ပွဲတက်ရောက်တဲ့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ D.O. ရဲ့ အလန်းစား ကာဗာသီချင်းတွေကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Ref: AllKpop