■ GQ မှာ ဆွဲဆောင်မှုအပြည့် ခပ်လန်းလန်းပုံစံနဲ့ မြင်တွေ့ရမယ့် Jisoo

— – – Jisoo ကို မြင်နေကျပုံစံမျိုးမဟုတ်ဘဲ ခပ်လန်းလန်း chic နဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံမျိုး …

BLACKPINK အဖွဲ့ရဲ့ အသက်အကြီးဆုံးဝင် Jisoo ဟာ အဝတ်အစားပိုင်းရော၊ အနေအထိုင်မှာ အဖွဲ့ထဲမှာ အိန္ဒြေအရဆုံးအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

အခု ‘GQ’ magazine ကတော့ Jisoo ရဲ့ ခပ်မိုက်မိုက်ပုံစံနဲ့ ရိုက်ကူးထားတဲ့ သူတို့မဂ္ဂဇင်းရဲ့ ကာဗာတွေကို ထုတ်ပြလိုက်ပြီး ပရိသတ်တွေအကြား အတော်လေးကို ရေပန်းစားနေတာပါ။

‘GQ’ magazine က ထုတ်ပြလိုက်တဲ့ ဓာတ်ပုံတွေမှာ Jisoo ကို “Dior Jisoo” mood အပြည့်နဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး ခပ်လန်းလန်း chic နဲ့ smokey mood တွေနဲ့ “Cartier Jisoo”ကိုလည်း မြင်တွေ့ရမှာပါ။

လက်ရှိမှာ Jisoo ဟာ jewelry brand ဖြစ်တဲ့ ‘Cartier’ ရဲ့ global ambassador အဖြစ် ခန့်အပ်ခံရထားရသူဖြစ်ပြီး ဒီဓာတ်ပုံတွေမှာ သူတို့ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ နာရီကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref: AllKpop