■ ပထမဆုံးဆိုတဲ့ K-Pop Artist ဆိုတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်မယ့် aespa

— – – aespa အဖွဲ့ဟာ K-Pop Artist တွေထဲမှာ ဒီလိုလုပ်နိုင်တဲ့ ပထမဆုံး ဖြစ်လာဖို့ ရှိနေပါတယ် …

SM က ပွဲထုတ်တဲ့ aespa အဖွဲ့ဟာ The Governors Ball မှာ ဖျော်ဖြေမယ့် ပထမဆုံး K-Pop Artist ဖြစ်လာမှာပါ။ ဇန်နဝါရီ (၁၇) ရက်မှာ New York music festival က ၂၀၂၃ မှာ ဖျော်ဖြေမယ့် အနုပညာရှင်စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ aespa အဖွဲ့ဟာ ဒုတိယနေ့ main stage မှာ ဖျော်ဖြေခွင့်ရမှာ ဖြစ်ပြီး အဲဒီ The Governors Ball 2023 မှာ Lizzo, Kendrick Lamar, Odesza, Lil Nas X, Diplo တို့အပါအဝင် ကမ္ဘာကျော် အဆိုတော်တွေ ဖျော်ဖြေကြမှာပါ။

The Governors Ball 2023 ကို လာမယ့် ဇွန်လ (၉) ရက်ကနေ (၁၁) ရက်အထိ (၃) ရက်ဆက်တိုက် ကျင်းပသွားမှာ ဖြစ်ပြီး aespa အဖွဲ့က ဇွန်လ (၁၀) ရက် (စနေနေ့) မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီနှစ်ပွဲကိုတော့ နယူးယော့ခ်မြို့က Flushing Meadows မှာ ကျင်းပမှာပါ။

Ref: Soompi