■ ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့ Ambassador တွေအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင်နှစ်ဦး

— – – သူတို့နှစ်ယောက်ဟာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို နာမည်ကျော် Brand တွေရဲ့ ….

BTS အဖွဲ့ဝင်တွေဖြစ်တဲ့ Jimin နဲ့ Suga တို့ဟာ ကမ္ဘာကျော်တံဆိပ်ဖြစ်တဲ့ Dior နဲ့ Valentino တို့ရဲ့ Ambassador တွေအဖြစ် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ခန့်အပ်ခံခဲ့ရတာပါ။

ဇန်နဝါရီ (၁၆) ရက်မှာ ပြင်သစ်အခြေစိုက် luxury brand တစ်ခုဖြစ်တဲ့ Dior က BTS အဖွဲ့ဝင် Jimin ကို သူတို့ရဲ့ Dior men’s collections အတွက် Global Ambassador အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့တာပါ။

နောက်တစ်ရက်အကြာဖြစ်တဲ့ ဇန်နဝါရီ (၁၇) ရက်မှာ အီတလီအခြေစိုက် luxury fashion house ဖြစ်တဲ့ Valentino ကလည်း BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Suga ကို သူတို့ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့တာပါ။

ဒါကြောင့် Jimin နဲ့ Suga တို့ဟာ အနာဂတ်မှာ Dior နဲ့ Valentino တို့က ကြီးမှူးပြုလုပ်မယ့် ပရိုမိုးရှင်းတွေ၊ ဖက်ရှင်ပွဲတွေမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

Ref: Soompi