■ Sasaeng တွေရဲ့ အကြီးအကျယ်ဒုက္ခပေးခြင်းကို ခံခဲ့ရရှာတဲ့ EXO, BTS နဲ့ BLACKPINK

— – – EXO, BTS နဲ့ BLACKPINK အဖွဲ့တွေဟာ အရူးအမူးစွဲလန်းတဲ့ ပရိသတ်တွေကြောင့် အတော်လေးကို အန္တရာယ်များတဲ့ …

မြန်မာစကားပုံမှာ “တန်ဆေး၊ လွန်ဘေး”ဆိုတဲ့ စကားပုံ ရှိပါတယ်။ ဘယ်အရာမှာပဲဖြစ်ဖြစ် တော်သင့်ရုံသာကောင်းပြီး များလွန်းပြီးဆိုရင် ဘေးဖြစ်တတ်တာကို ဆိုလိုဖြစ်ပြီး အလွန်ကို မှတ်သားစရာကောင်းတဲ့ စကားပုံလည်း ဖြစ်ပါတယ်။

K-pop မှာ Sasaeng ဆိုတာ Idol တွေကို အလွန်အကျွံစွဲလန်းသူတွေလို့ ဆိုရမှာဖြစ်ပြီး Idol တွေ စိတ်ချမ်းသာရေးထက် ကိုယ့်အလိုပြည့်ရေးကို ပိုတွေးသူလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ သူတို့တွေကြောင့် BTS, EXO နဲ့ BLACKPINK တို့ ဒုက္ခရောက်ခဲ့တဲ့ အခိုက်အတန့်တွေကို ဖော်ပြလိုက်ပါတယ်။

BLACKPINK အဖွဲ့ မနီလာသွားခဲ့တုန်းက


2019 World Tour အတွက် BLACKPINK အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော် မနီလာသွားရောက်ခဲ့တာပါ။ အဲဒီမှာ သူတို့ကို မျက်မြင်ကိုယ်တွေ့ တွေ့ခွင့်ရဖို့ ပရိသတ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြပြီး BLACKPINK အဖွဲ့ဝင်တွေ လေဆိပ် ရောက်လာချိန်မှာ ထိန်းမရဖြစ်ခဲ့တာပါ။ Sasaeng အချို့ဟာ လုံခြုံရေးတွေကို ကျော်ဖြတ်ပြီး BLACKPINK အဖွဲ့ဝင်တွေကို ထိတွေ့ခွင့်ရဖို့ ကြိုးစားခဲ့ကြပြီး Idol တွေ အတော်လေး စိတ်ညစ်ခဲ့ရတာပါ။

ပြန်ေuးဆွဲခံရလုနီးပါးဖြစ်တဲ့ EXO


တစ်ခါတုန်းက EXO အဖွဲ့ဟာ ပွဲတစ်ခုအပြီး ပြန်ဖို့အတွက် ပြင်ဆင်ခဲ့တာပါ။ အဲဒီမှာ Sasaeng အချို့ဟာ EXO အဖွဲ့ဝင်တွေ စီးနေကျကားနဲ့ ချွတ်စွတ်တူတဲ့ ကားတစ်စီး ဖန်တီးထားခဲ့ပါတယ်။ EXO အဖွဲ့ဝင်ဟာ အဲဒီကားကို သူတို့ကားအမှတ်နဲ့ တက်ဖို့ လုပ်နေခဲ့တာပါ။ အဲဒီမှာ EXO အဖွဲ့ရဲ့ မန်နေဂျာဖြစ်သူက ရိပ်မိသွားခဲ့ပြီး EXO အဖွဲ့ဝင်တွေကို တားခဲ့လို့ ကံကောင်းခဲ့ပါတယ်။ အဲဒီကားပေါ်မှာ EXO အဖွဲ့ဝင်တွေ တက်မိခဲ့မယ်ဆိုရင် ဘာတွေဖြစ်မလဲတောင် စဉ်းစားလို့ မရနိုင်ပါဘူး။

အသေးစား mားမတော်မဆမှုနဲ့ ကြုံခဲ့ရတဲ့ BTS


အသေးစားမို့လို့ တော်သေးတာပါ။ BTS အဖွဲ့ဟာ ၂၀၁၈ ခုနှစ်တုန်းက ဟောင်ကောင်မှာ သူတို့ရဲ့ Love Yourself World Tour ဖျော်ဖြေခဲ့ပါတယ်။ အဲဒီ Concert အပြီး ဟိုတယ်အပြန်မှာ Sasaeng တွေက BTS အဖွဲ့ရဲ့ ကားနောက်ကို လိုက်ခဲ့ကြတာ ဖြစ်ပြီး သူတို့ကို ရှောင်ဖို့ ကြိုးစားရင်း BTS အဖွဲ့ဟာ အသေးစား mားမတော်တဆမှုနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ ကံကောင်းတာက အဲဒီမှာ BTS အဖွဲ့ဝင်တွေ တစ်ယောက်မှာ ဒဏ်ရာမှ မရခဲ့တာပါ။

— ဃဲ
Ref: Koreaboo