■ ကျော်ကြားတဲ့ကလေးသရုပ်ဆောင်ဘဝမှ ထိပ်တန်းမင်းသမီးအဖြစ် တက်လှမ်းလာသူ (၅)ဦး

— – – ကိုရီးယားသရုပ်ဆောင်လောကမှာ ကလေးဘဝကတည်းက နာမည်ကြီးတဲ့ သူတို့ (၅) ဦးဟာ အခုအချိန်မှာတော့ ထိပ်တန်းမင်းသမီးတွေ ဖြစ်နေပါပြီ …

Kim Yoo Jung


Kim Yoo Jung က ကိုရီးယားရဲ့ Dakota Fanning အဖြစ် လူသိများကြတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးဘဝကတည်းက သရုပ်ဆောင် စလုပ်ခဲ့လို့ပါ။ Kim Yoo Jung ဟာ ကလေးဘဝကတည်းက ကြေညာတွေ ရိုက်ကူးခဲ့သလို၊ Im Soo Jung, Song Hye Kyo, Moon Geun Young တို့အပါအဝင် မင်းသမီးပေါင်းများစွာရဲ့ ငယ်ဘဝနေရာမှာ သရုပ်ဆောင်ခဲ့သူပါ။ ၂၀၁၂ ခုနှစ်မှ ထွက်ခဲ့တဲ့ The Moon Embracing the Sun ဇာတ်လမ်းတွဲမှာ Han Ga In ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ခဲ့တဲ့ Kim Yoo Jung က ချီးကျူးခြင်း ခံခဲ့ရပါတယ်။ The Moonlight Drawn by the Clouds ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင်ပြီးနောက်မှာတော့ Kim Yoo Jung နာမည်အရမ်းကျော်ကြားလာခဲ့ပြီး အခု ထိပ်တန်းမင်းသမီး ဖြစ်နေပါပြီ။

Kim So Hyun


Kim So Hyun ကလည်း ကလေးသရုပ်ဆောင်ဘဝကနေ ထိပ်တန်းမင်းသမီးဖြစ်လာသူတွေထဲက တစ်ဦး အပါအဝင် ဖြစ်တယ်။ မိန်းကလေးဆန်ပြီး ဆံပင်ရှည်ရှည်နဲ့ Kim So Hyun ဟာ ဆယ်ကျော်သက်ဘဝမှာတင် ဇာတ်လမ်းတွဲပေါင်းများစွာ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခွင့်ရခဲ့သူပါ။ အသက် (၂၀)ကျော်သာ ရှိသေးပေမဲ့ Kim So Hyun ဟာ ဇာတ်လမ်းတွဲပေါင်း (၄၀)နီးပါး ရိုက်ကူးပြီး ဖြစ်သလို၊ ဇာတ်ကား၊ ရုပ်ရှင်တွေလည်း (၁၀)နီးပါး ရှိပါပြီ။ River Where the Moon Rises ဇာတ်လမ်းတွဲမှာ Kim So Hyun ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

Kim Sae Ron


The Man From Nowhere ဇာတ်ကားက ကောင်မလေးကို ဘယ်သူမှ မေ့နိုင်မယ် မထင်ပါဘူး။ အဲဒီဇာတ်ကားမှာ ပါဝင်ပြီးနောက်မှာ Kim Sae Ron နာမည်ကျော်ကြားလာခဲ့သလို၊ လှလှပပအရွယ်လည်း ရောက်လာခဲ့ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လွန်စွာအောင်မြင်ခဲ့ပြီး Cannes Film festivals ကိုတောင် (၂)ကြိမ်တိုင်တိုင် တက်ရောက်ခွင့်ရခဲ့ပါတယ်။ Kim Sae Ron ကို ကိုရီးယားမှာ Acting Genius လို့ ခေါ်ကြတယ်။ Kim Sae Ron ဟာ နာမည်ကျော် ထိပ်တန်းမင်းသားပေါင်းများစွာနဲ့ တွဲဖက်သရုပ်ဆောင်ဖူးပြီး ဇာတ်ကားတိုင်း၊ ဇာတ်လမ်းတွဲတိုင်းမှာ ကာရိုက်တာနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်ခဲ့တာချည်းပါပဲ။

Lee Se Young


Lee Se Young ဟာ Hanbok နဲ့ အရမ်းကိုလိုက်ဖက်တဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦး ဖြစ်ပါလိမ့်မယ်။ အသက် (၁၂)နှစ်အရွယ်မှာပဲ Lee Se Young ဟာ နာမည်ကျော် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ‘Dae Jang Geum’ မှာ ခေါင်းဆောင်မင်းသမီး Lee Young Ae ရဲ့ ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ Lee Se Young ဟာ အတန်းပညာရေးကို အာရုံစိုက်ခဲ့တာကြောင့် တီဗွီမှာ ပါဝင်မှု နည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ အသက် (၂၀)ကျော် နောက်ပိုင်းမှာတော့ သမိုင်းဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် Lee Se Young ဟာ နာမည်ရလာခဲ့ပြီး The Red Sleeve ဇာတ်လမ်းတွဲမှာတော့ သူ့ရဲ့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ အသိအမှတ်ပြု ချီးကျူးခြင်းခံခဲ့ရတာပါ။

Park Eun Bin


Park Eun Bin အတွက် ကန့်သတ်ချက်တွေ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Park Eun Bin ဟာ ဘယ်ကာရိုက်တာမဆို ပီပြင်စွာ သရုပ်ဆောင်နိုင်လို့ပါ။ Park Eun Bin ဟာ ကလေးဘဝမှာကတည်းက သရုပ်ဆောင်လောကကို ဝင်ရောက်လာခဲ့ပြီး အခုအနုပညာသက်တမ်း (၂၆) နှစ် ရှိပါပြီ။ The King’s Affection ဇာတ်လမ်းတွဲမှာဆိုရင် Park Eun Bin ကို လျှို့ဝှက်ချက်တွေများပြီး သွေးအေးတဲ့ မင်းသမီးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အဲဒီဇာတ်လမ်းတွဲက Park Eun Bin ရဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။

— ဃဲ
Source: Allkpop