■ နောက်ဘဝပြန်လည်မွေးဖွားမယ်ဆိုရင် Song Hye Kyo မဖြစ်ချင်တဲ့ Song Hye Kyo

— – – တစ်ကမ္ဘာလုံးက ဝိုင်းချစ်တာခံရတဲ့ Song Hye Kyo မဖြစ်ချင်ရတဲ့ Song Hye Kyo ရဲ့ အကြောင်းပြချက်က ဘာများဖြစ်မလဲ …

နာမည်ကျော်မင်းသမီး Song Hye Kyo က သူ့အနေနဲ့ နောက်ဘ၀ ပြန်လည်မွေးဖွားပြီး အခုပိုင်ဆိုင်ထားတဲ့ Song Hye Kyo ဘဝကို ပြန်ယူခွင့်ရခဲ့မယ်ဆိုရင်တောင် မယူချင်ဘူးလို့ ‘Ask Me Anything’ ဆိုတဲ့ အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။

‘Ask Me Anything’ မှာ Song Hye Kyo ဟာ သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေ အွန်လိုင်းက မေးတဲ့ မေးခွန်းတွေကို ဖြေခဲ့ပြီး အဲဒီပရိသတ်တစ်ယောက်က နောက်ဘဝပြန်လည်မွေးဖွားလို့ Song Hye Kyo ဖြစ်ခွင့်ရရင် လိုချင်ပါသလားလို့ မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို Song Hye Kyo က ချက်ချင်းဆိုသလိုပဲ တုံ့ဆိုင်းခြင်းမရှိဘဲ မလိုချင်ပါဘူးလို့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဘာကြောင့် မလိုချင်သလဲဆိုတာကိုလည်း Song Hye Kyo က အဲဒီပရိသတ်ကို အခုလို ရှင်းပြခဲ့တာပါ။

Song Hye Kyo က “မလိုချင်ပါဘူး။ Song Hye Kyo အဖြစ် ကျွန်မ တစ်ဘ၀ နေထိုင်ခဲ့ပြီးပါပြီ။ ကျွန်မရဲ့ နောက်ဘဝမှာတော့ နောက်တစ်ယောက်အဖြစ်နဲ့ပဲ ကျွန်မ ရှင်သန်ချင်ပါတယ်”လို့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။  

အဲဒီမှာ ထုတ်လုပ်ရေးအဖွဲ့က ဝန်ထမ်းတစ်ယောက်က “ကျွန်မကတော့ နောက်ဘဝကျရင် Song Hye Kyo အဖြစ် မွေးဖွားချင်ပါတယ်”လို့ ပြောဆိုခဲ့ရာ Song Hye Kyo က “အိုး … ဒါကို ရှင့်ကို ကျွန်မ မတားပါဘူး။ နောက်ဘဝမှာ ရှင့်အနေနဲ့ Song Hye Kyo အဖြစ် မွေးဖွားပါစေလို့ ကျွန်မ ဆုတောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။  

Ref: SBS Star