■ နာမည်ကျော်တွေ အတုယူသင့်တဲ့ Hater တွေနဲ့ ပတ်သက်တဲ့ Jackson ရဲ့ သဘောထား

— – – ဒီလို စိတ်ဓာတ်ပိုင်းဆိုင်ရာ သန်မာဆိုတာ အလွန်ခက်ပါလိမ့်မယ်။ ဒါပေမဲ့ GOT7 အဖွဲ့ဝင် Jackson ကတော့ …

K-pop Idol တွေအနေနဲ့ အဆိုးရွားဆုံးရင်ဆိုင်ရတဲ့အထဲမှာ အွန်လိုင်း Haters တွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ သူတို့ရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ စကားလုံးတွေကြောင့် တချို့ Idol တွေဟာ နာကျင်ခဲ့ရပြီး လွှင့်ထွက်သွားတာတောင် ရှိခဲ့တာပါ။

Idol Producer အစီအစဉ်မှာ GOT7 အဖွဲ့ဝင် Jackson က သင်တန်းသူ/သားတွေကို အွန်လိုင်း Haters တွေအပေါ် သူ့အနေနဲ့ ဘယ်လိုသဘောထားတယ်ဆိုတာကို အကြံပေးပြောပြခဲ့တာပါ။

“ကျွန်တော် ပွဲထွက်တုန်းက အွန်လိုင်းမှာ ဝေဖန်ရှုတ်ချမှုတွေ၊ မကောင်းပြောခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲထွက်ဖို့အတွက် ကျွန်တော့်မှာ သေမလောက်ကြိုးစားခဲ့ရတာ။ ဒါကို လူတွေက ဘာလို့ ကျွန်တော့်ကို ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီး ဝေဖန်နေကြတာကို စဉ်းစားလို့ မရခဲ့ပါဘူး။ အဲဒါတွေ မြင်ရတိုင်း ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်။ ဝမ်းနည်းရတယ်” – Jackson

ပွဲထွက်ပြီး (၄)နှစ်အကြာမှာတော့ Jackson ဟာ သူ့ရဲ့ ခံယူချက်၊ သူ့ရဲ့အတွေးကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချီးကျူးသူပဲ ဖြစ်ဖြစ်၊ ဝေဖန်သူပဲ ဖြစ်ဖြစ် အားလုံးဟာ ကျေးဇူးတင်စရာပါဆိုပြီး Jackson က ဆုံးဖြတ်ခဲ့တာပါ။

“ပွဲထွက်ပြီး (၄)နှစ်ကြာတော့ အော် … သူတို့ ငါ့ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငါ့အကြောင်း ပြောနေကြတယ်ဆိုတော့ အနည်းဆုံးတော့ သူတို့ ငါ့ကို စိတ်ဝင်စားလို့ပေါ့။ စိတ်ဝင်မစားတာနဲ့ စာရင်း လူစိတ်ဝင်စားတာ ကောင်းတာပေါ့။ Jackson ဝေဖန်ခံရပြီဆိုရင် လူတွေက Jackson ကို ရှာကြပြီလေ။ ဒီတော့ ကျွန်တော့်ကို ဝေဖန်တဲ့သူ မရှိမှာတောင် ကြောက်မိပါတယ်။ ဒါက ကျွန်တော့်ရဲ့ ခံယူချက်ပါ” – Jackson

Jackson ရဲ့ ခံယူချက်မျိုး ထားနိုင်ရင်တော့ Idol တွေအတွက် သက်သာပါလိမ့်မယ်။ ဒါပေမဲ့ ဘာမှမဆိုင်ဘဲ နင်ပဲငဆ ပြောနေတာမျိုးကိုတော့ လူ(၁၀၀)မှာ (၉၉)ယောက်က သာယာနိုင်ဖို့ ခက်ပါတယ်။

— ဃဲ
Ref: KB