■ BLINK ဆိုရင် ဒါမျိုး မလုပ်ရဘူးလို့ Rosé ပြော

— – – Solo Stan တွေကြောင့် K-Pop အဖွဲ့တွေ ဒုက္ခရောက်တာတွေ ရှိပြီး အဲဒီအတွက် Rosé ပြောပြထားတာက …

K-pop အဖွဲ့တွေဟာ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကြိုးစားမှု၊ ပါရမီတွေ ရှိရုံနဲ့တင် မလုံလောက်ဘဲ ကံလေးလည်း ကောင်းမှာသာ ထိပ်တန်းအဆင့်ကို ရောက်ခဲ့လာကြတာပါ။

အောင်မြင်လာတာနဲ့အမျှ ချစ်သူတွေရှိသလို၊ မုန်းသူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာမှ K-pop Idol တွေ အခံရအခက်ဆုံးက သူတို့ဖန်တွေက Bias တွေ Solo Stan တွေကြောင့် အမုန်းခံရတာပါပဲ။

ဒီအချက်နဲ့ပတ်သက်ပြီး K-pop Idol တွေဟာ အားပေးတဲ့အခါ တစ်ဖွဲ့တည်းမှာ တစ်ဦးနဲ့ တစ်ဦး မခွဲခြားဖို့၊ အားလုံးကို အတူတူ အားပေးဖို့ တောင်းဆိုလေ့ရှိပါတယ်။ ဒီထဲမှာ BLACKPINK အဖွဲ့ဝင် Rosé လည်း ပါဝင်ပါတယ်။

Rosé ကတော့ “ကျွန်မတို့ BLACKPINK အဖွဲ့ဝင်တွေထဲက တစ်ယောက်ယောက် မုန်းနေပြီဆိုရင် ကိုယ်ကိုယ့်ကိုယ် BLINK လို့ မခေါ်ပါနဲ့တော့”ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Jennie ကလည်း Live တွေ လွှင့်တဲ့အခါမှာ အဖွဲ့မှာ ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတဲ့ မေးခွန်းမျိုးတွေကြောင့် စိတ်ရှုပ်ခဲ့ရပြီး “အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းကို ချစ်ပါတယ်”ဆိုကာ ခပ်ပြတ်ပြတ် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

— ဃဲ
Ref: KB