■ အနုပညာလောကက အနားယူမယ့်အချိန်နဲ့ ဇနီးလောင်းအတွက် ဘယ်လိုအမျိုးသားကောင်း ဖြစ်ချင်တယ်ဆိုတာကို ဖွင့်ဟခဲ့တဲ့ BTS V

— – – BTS အဖွဲ့ဝင် V ကို စိတ်ကူးယဉ်တဲ့ သူ့ရဲ့ မိန်းကလေးပရိသတ်တွေအတွက်တော့ ဒီဖွင့်ဟမှုက သည်းသည်းလှုပ် ချစ်စရာကောင်းနေမှာ …

BTS အဖွဲ့ဝင် V က အနုပညာလောကက အနားယူပြီးနောက် သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတွေမှာ ပြောပြထားတာ ရှိပါတယ်။

“ကျွန်တော် အသက် (၄၀) ကျော်မှာ အနုပညာလောက အနားယူပြီး တစ်ဘဝလုံးကို ကျွန်တော့်ရဲ့ ဇနီးနဲ့ပဲ ကုန်ဆုံးချင်ပါတယ်။ ကျွန်တော်က ဇနီးသည်ရဲ့ ပေါက်ကရတွေကို အလိုလိုက်တတ်တဲ့ ခင်ပွန်းမျိုးဖြစ်ချင်ပါတယ်”လို့ V က ဆိုပါတယ်။

ဆက်ပြီးတော့ V က ဖခင်ဖြစ်သူရဲ့ သူတို့မိသားစုအပေါ် ဆွေးထွေးစွာ ဆက်ဆံပုံကို အရမ်းသဘောကျပြီး သူ့အဖေလိုပဲ သူတို့ရဲ့ ကလေးတွေအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်ချင်လို့လည်း ပြောကြားခဲ့တာပါ။

“ကျွန်တော့်ရဲ့ ဘဝ Role Model က ကျွန်တော့်အဖေပါပဲ။ ကျွန်တော့်ရဲ့ အနာဂတ်အမျိုးသမီးအတွက် ကျွန်တော်ဟာ ကျွန်တော့်အဖေလို ဖြစ်ချင်ပါတယ်။ ကျွန်တော့်အဖေက ကျွန်တော်တို့ကို အရမ်းဂရုစိုက်ပြီး ဖြစ်စေချင်တာတွေကို တတ်နိုင်သလောက် လိုက်လုပ်ပေးတယ်။ ကျွန်တော့်ဘဝရဲ့ နောက်ပိုင်းအချိန်တွေကို ကျွန်တော့်ကလေးတွေကို စောင့်ရှောက်ရင်း ကုန်ဆုံးချင်ပါတယ်။

ကျွန်တော် ကလေးနှစ်ယောက် လိုချင်တယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်။ ပြီးတော့ သူတို့နဲ့အတူ တိရစ္ဆာန်ရုံ သွားမယ်။ ခိုလေးတွေကို အစာကျွေးမယ်”လို့ V က သူ့ရဲ့ အနာဂတ်ဘဝကို ပြောပြခဲ့ပါတယ်။

V ကို ချစ်ကြတဲ့ ARMY တွေကတော့ V ရဲ့ စကားတွေကို ကြားပြီးနောက်မှာ သူတို့အနေနဲ့ အနာဂတ်မှာ V ရဲ့ ဇနီးဖြစ်ခွင့်ရရင် ဘယ်လောက်တောင်များကောင်းလိုက်မလဲလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

— ဃဲ
Ref: SBS