■ Netizens တွေရဲ့ အဓိပ္ပာယ်မရှိတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ EXO အဖွဲ့ဝင်များ

— – – ရွှေဖြစ်ဖို့အတွက် Acid နဲ့ အစစ်ခံနိုင်ဖို့ လိုပါတယ်။ အောင်မြင်တဲ့ Idol ဖြစ်ဖို့ ကြိုးစားမှု လိုအပ်တာ ပြောစရာတောင် မလိုပါဘူး။ ဒါပေမဲ့ တစ်ဖက်က တွဲပါလာတာက ဝေဖန်မှုတွေ ဖြစ်ပြီး တချို့က ဘာမှမဟုတ်ဘဲ ဝေဖန်တာမျိုးကတော့ …

K-pop မှာ EXO အဖွဲ့ဖြတ်သန်းလာတာ (10)နှစ်ကျော်ခဲ့ပါပြီ။ ကောင်းသတင်းနဲ့ ကျော်ကြားပေမယ့် Netizens တွေရဲ့ ဝေဖန်မှုကိုတော့ ထုံးစံအတိုင်း ခံရတာပါပဲ။ EXO အဖွဲ့ဝင်တွေ ဘာမှမဟုတ်တာလေးတွေနဲ့ Netizens တွေ ဝေဖန်ခဲ့တဲ့အကြောင်းအရာတွေကတော့ ….

1- Baekhyun ရဲ့ လေယာဉ်လက်မှတ်


Baekhyun ဟာ ခရီးစဉ်တစ်ခု သွားတုန်းက လေဆိပ်ဝန်ထမ်းပေးတဲ့ လေယာဉ်လက်မှတ်ကို ပါးစပ်နဲ့ ကိုက်ပြီး ယူခဲ့လို့ Netizens တွေဆီမှာ ဝေဖန်ခံခဲ့ရပါတယ်။ Baekhyun အနေနဲ့ အဲဒီတုန်းက အထုပ်အပိုးတွေကြောင့် လက်မအားလို့ ပါးစပ်နဲ့ ကိုက်ကာ ယူခဲ့တာဖြစ်ပြီး ဝန်ထမ်းက ကျေကျေနပ်နပ်လုပ်ဆောင်ပေးခဲ့ပေမယ့် Netizens ကတော့ ရိုင်းတယ်ဆိုပြီး ဝေဖန်ခဲ့တာပါ။

2- Kai ရဲ့ ခြေချင်းဝတ်ဒဏ်ရာ


Kai ဟာ တစ်ခါတုန်းက EXO အဖွဲ့နဲ့အတူ နိုင်ငံခြားသွားဖို့ လေဆိပ်ကို ရောက်လာချိန်မှာ ခြေချင်းဝတ်ဒဏ်ရာရနေလို့ ချိုင်းထောက်ကိုင်ကာ ဝှီးချဲနဲ့ ရောက်လာခဲ့တာပါ။ ဒါကို Netizens တွေက အလကား သနားအောင် လုပ်နေတာ။ Fake ပါဆိုပြီး ဝေဖန်ခဲ့ကြတာပါ။ ဒါပေမဲ့ Kai ဟာ အဲဒီဒဏ်ရာကြောင့် EXO အဖွဲ့ရဲ့လှုပ်ရှားမှုတွေကနေ လအတန်ကြာ အနားယူခဲ့ရပါတယ်။

3- Chen ရဲ့ မင်္ဂလာဆောင်သတင်း


ဒီနှစ် အစပိုင်းမှာ မင်္ဂလာသတင်း ကြေညာခဲ့တဲ့ Chen ကို Netizens က ဝေဖန်မှုတွေ ပြုလုပ်ရုံမျှမက အဖွဲ့က ထွက်သွားဖို့အထိတောင် ဆန္ဒပြမှုတွေ ရှိခဲ့တာပါ။ ဒါကြောင့် နောက်ပိုင်းမှာ SM က EXO အဖွဲ့မှာ Chen ဆက်ရှိနေမယ်လို့ သတင်းထုတ်ပြန်ခဲ့ရပါတယ်။

4- EXO အဖွဲ့က Lay ထွက်သွားပြီလို့ ပြောဆိုမှု


EXO အဖွဲ့ဝင် Lay ဟာ အခြေအနေတစ်ခုကြောင့် EXO PLANET # 2 – The EXO’luXion – in JAPAN” မှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း ကြေညာခဲ့ရာမှတော့ Netizens တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးတော့ သူတို့က Lay ဟာ EXO အဖွဲ့က ထွက်သွားပြီလို့ ပြောဆိုခဲ့ကြတာပါ။

— ဃဲ
Ref: Koreaboo