■ ဒီအမျိုးသား Idol (၄)ဦးက ဒုတိယမျိုးဆက်ရဲ့ ဘက်စုံရတဲ့သူတွေၤပါတဲ့

— – – K-Pop ရဲ့ ဒုတိယမျိုးဆက်တွေထဲမှာ သူတို့က ဂီတနဲ့ ပတ်သက်ရင် အားလုံးရတယ်လို့ ကိုရီးယားတွေက ဆိုပါတယ် …

K-pop ကို ကမ္ဘာက စိတ်ဝင်စားအောင် စွမ်းဆောင်ခဲ့ကြသူတွေထဲမှာ ဒုတိယမျိုးဆက်မှာ ထိပ်ဆုံးက ပါဝင်ပါလိမ့်မယ်။ ချီးကျူးမှုထက် ဝေဖန်မှုတွေကို ပိုလုပ်တတ်တဲ့ ကိုရီးယားတွေဟာ ဒီအမျိုးသား Idol (၄)ဦးကတော့ ဘက်စုံရတဲ့သူတွေလို့ ချီးကျူးထားတာပါ။

ဂီတနဲ့ ပတ်သက်လို့ အသံ၊ အကစွမ်းရည်၊ ရက်ပ်၊ သီချင်းရေး၊ သီချင်းထုတ် ဒါတွေအပြင် တခြားနယ်ပယ်တွေမှာပါ သူတို့က တကယ်တော်တယ်လို့ ချီးကျူးခံရတဲ့ ဒုတိယမျိုးဆက် အမျိုးသား (၄)ဦးကတော့ …

BIGBANG G-Dragon


BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ကို အငြင်းပွားဖွယ်မရှိ King of K-pop လို့ သတ်မှတ်ကြပါတယ်။ BIGBANG အဖွဲ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာမှာ သူက အဓိကကျသူဖြစ်ပြီး သီချင်းနဲ့ ပတ်သက်လို့ ဘက်စုံရပြီး ဖက်ရှင်ပိုင်းမှာလည်း စိုးမိုးနိုင်သူဖြစ်ပါတယ်။ ကမ္ဘာကျော် Brand ပေါင်းများစွာနဲ့ လက်တွဲထားသူဖြစ်ပြီး ပန်းချီပိုင်းပါ ရသူဖြစ်ပါတယ်။

BIGBANG Taeyang


အသံပါရမီနဲ့ ပတ်သက်လို့ Idol တွေနဲ့ ပရိသတ်တွေ ချီးကျူးခြင်းခံရသူဖြစ်ပြီး Prince of R&B လို့တောင် သူ့ကို တင်စားကြပါတယ်။ K-pop ဝေဖန်ရေးဆရာတွေကိုယ်တိုင် ချီးကျူးရတဲ့ Taeyang ကို ကိုရီးယားရဲ့ အသံအကောင်းဆုံးတွေထဲက တစ်ယောက်လို့ ချီးကျူးကြတာပါ။ သီချင်းရေး၊ ထုတ်လုပ်ပိုင်းမှာလည်း Taeyang က ပါဝင်လေ့ရှိပြီး အကပတ်သက်လို့လည်း တကယ်တော်သူပါ။ Staits Times ကတော့ သူ့ကို dancing king of K-pop လို့ ခေါင်းစဉ် တပ်ထားပါတယ်။

SHINee Taemin


၂၀၀၈ မှာ SHINee အဖွဲ့နဲ့ ပွဲထွက်ခဲ့တဲ့ အဖွဲ့ရဲ့ အငယ်ဆုံးလေးဖြစ်တဲ့ Taemin ရဲ့ အောင်မြင်မှုကလည်း မြင်တဲ့အတိုင်းပါပဲ။ Michael Jackson ကို အားကျရင်း အကကို စွဲစွဲလိုက်စားခဲ့တဲ့ Taemin ကို K-pop ရဲ့ အကအတော်ဆုံးတွေထဲ တစ်ယောက်အဖြစ် လက်ခံထားကြပြီး သူဟာ လက်ရှိ လူငယ် Idol တွေရဲ့ စံပြအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Jay Park


၂၀၀၈ မှာ 2PM အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့တဲ့ Jay Park ဟာ ၂၀၀၉ မှာတော့ ပြဿနာတချို့ကြောင့် အဖွဲ့က ထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကကို ပြန်သွားပြီး b-boy battles မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီနောက် You Tube မှာ Cover သီချင်းတွေ တင်ခဲ့ပြီး ၂၀၁၀ မှာတော့ ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ စွယ်စုံရတဲ့ စွမ်းရည်ကြောင့် K-pop မှာ နာမည်ကျော်ကြားလာပြီး အခုဆို ကိုယ်ပိုင်အေဂျင်စီတောင် ထူထောင်ထားပြီး ဖြစ်ပါတယ်။

— ဃဲ
Ref: KPZ