■ အသည်းကွဲဆရာကြီး G-Dragon ရဲ့အချစ်ရေးကို BIGBANG အဖွဲ့ဝင်တွေ ဖွၤင့်ဟခဲ့စဉ်က

— – – K-Pop မှာ မျိုးဆက်အားလုံးနဲ့ ဒိတ်တင်းထွက်သူကို ပြပါဆိုရင် G-Dragon ကို ပြရပါလိမ့်မယ်။ ဒိတ်တင်းကောလာဟလ ဆရာကြီးရဲ့ တကယ်အချစ်ရေးကတော့ ဒီလိုဆိုပြီး BIGBANG အဖွဲ့ဝင်တွေ ဖွင့်ဟထားတာပါ။

G-Dragon ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ BIGBANG အဖွဲ့ဝင်တွေကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ပြောပြထားတာ ဖြစ်ပါတယ်။ K-pop မှာ Legacy ကြီးမားပြီး ကျော်ကြားလှတဲ့ G-Dragon တစ်ယောက် အချစ်ရေးမှာ ဘယ်လိုရှိပါသလဲ။

BIGBANG အဖွဲ့ဝင်တွေကတော့ ဆရာကြီး G-Dragon ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ကလေးလေးပါလို့ ကန့်ကွက်မဲ မရှိ သဘောတူကြပါတယ်။

“G-Dragon လား အချစ်ရေးနဲ့ ပတ်သက်ရင် အကြံပေးတဲ့နေရာမှာ ဆရာကြီး၊ အောင်သွယ်ပေးလိုက်ရင်လည်း တော်တာမှ မြှားနတ်မောင်ထက်တောင် သာသေးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ အချစ်နဲ့ပတ်သက်ပြီး ကလေးပါ”- BIGBANG

G-Dragon ဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Taeyang ကို Min Hyo Rin နဲ့ မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ Taeyang ကတော့ G-Dragon ကို အချစ်ရေးနဲ့ ပတ်သက်ရင် မယုံရဘူးလို့ ဖဲဖူးပါတယ်။

“သူက အချစ်ရေးနဲ့ ပတ်သက်လို့ အကြံပေးတာ၊ သတိပေးတာ အရမ်းကောင်းတယ်။ ဒါပေမဲ့ သူ ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ ခင်ဗျား ချစ်သူနဲ့ ဝေးပြီးပဲ။ သူ့နည်းလမ်းတွေက အချစ်ရေးမှာ အသုံးမဝင်ပါဘူး”လို့ Taeyang က ဆိုပါတယ်။

အငယ်ဆုံးလေး Seungri ကတော့ Taeyang ထက် ပိုဆိုးပါတယ်။ G-Dragon ဟာ အချစ်ရေးမှာ မအောင်မြင်လို့ BIGBANG သီချင်းတွေက အသည်းကွဲသီချင်းချည်း ဖြစ်နေတာတဲ့လေ။

“BIGBANG သီချင်းတွေက ဘာလို့ အမြဲတမ်းဝမ်းနည်းစရာ ကောင်းနေတာလဲ ခင်ဗျားတို့ သိလား။ ဘာလို့လဲဆိုတော့ G-Dragon က အချစ်ရေးမှာ အမြဲကျဆုံးနေတာကို”ဆိုပြီး အစ်ကိုဖြစ်သူကို အားမနာစတမ်း Seungri က ပြောခဲ့တာပါ။

G-Dragon ကို ကာပေးသူကတော့ အစ်ကိုကြီး T.O.P ပါ။ သူက “ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်တို့ (၅) ယောက်စလုံး အချစ်ရေးပတ်သက်ရင် သာမန်မဟုတ်ကြဘူးလို့ ထင်တယ်။ ဒိတ်တင်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ထူးကို ထူးတာပါ”လို့ ပြောဆိုခဲ့ပါတယ်။

G-Dragon ရဲ့ Solo သီချင်းတွေဟာ အသည်းကွဲသီချင်းတွေများရုံတင်မက BIGBANG ရဲ့ “Haru Haru,” “Blue” “Last Dance” “Let’s Not Fall in Love.” တို့အပြင် သီချင်းတော်တော်များများ ငိုသည်းသံတွေနဲ့ ပြည့်နှက်နေတာဟာ ဒါကြောင့်ပါပဲ။

— ဃဲ
Ref: MBC‘s Radio Star