■ K-Pop Idol ဖြစ်လာတာ BIGBANG ကြောင့်လို့ ဝန်ခံခဲ့တဲ့ (G)I-DLE အဖွဲ့ဝင်

— – – ပထမက ဘဲလေးအကကိုပဲ အာရုံစိုက်ပြီး ကနေခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ ဖျော်ဖြေမှုကို မြင်တွေ့ပြီးနောက်မှာတော့ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ် …

လက်ရှိ စီးဆင်းနေတဲ့ K-pop လမ်းကြောင်း လမ်းပေါက်ခဲ့သူတွေအဖြစ် K-pop ဝေဖန်သူတွေက BIGBANG ကို သတ်မှတ်ကြပြီး သူတို့ကြည့်ပြီး Idol ဖြစ်လာတဲ့ K-pop Idol တွေ တော်တော်များများပါတယ်။

(G)I-DLE အဖွဲ့မှာ အဖွဲ့ခေါင်းဆောင် Jeon Soyeon ရဲ့ စွမ်းရည်တွေကို လူတိုင်း အသိအမှတ်ပြုကြပါတယ်။ Soyeon ဟာ စွယ်စုံရတဲ့ အမျိုးသမီး Idol ဖြစ်ပြီး အဖွဲ့နဲ့ ပွဲမထွက်ခင် “Produce 101” “Unpretty Rapstar” တွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အသိအမှတ်ပြုခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဘာကြောင့် Idol လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Soyeon က “ကျွန်မ မူလတန်း တတိယနှစ်အထိ ballet တွေပဲ တောက်လျှောက်လုပ်နေခဲ့တာပါ။ ဒါပေမဲ့ BIGBANG အဖွဲ့ရဲ့ ဖျော်ဖြေမှုတစ်ခုကို ကြည့်ပြီးနောက်မှာတော့ ballet ကို စွန့်ပြီး အဆိုတော်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ Soyeon က “သူတို့ရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီး ချက်ချင်းပဲ Ballet လုပ်နေတာကို ကျွန်မ ရပ်ပစ်လိုက်ပြီး အဆိုတော်ဖြစ်ဖို့ အသည်းအသန်းကြိုးစားခဲ့ပါတယ်”လို့ ပြောဆိုခဲ့တာပါ။

— ဃဲ
Ref: Soompi