■ Jisoo ရဲ့ မျက်ရည်တွေကို မြင်ဖူးတဲ့ တစ်ဦးတည်းသော BLACKPINK အဖွဲ့ဝင်

— – – BLACKPINK အဖွဲ့မှာ အငယ်တွေကို ငိုတာကို မြင်ရလေ့ရှိပေမဲ့ အခက်အခဲတွေကို ထုတ်ပြောရတာ မကြိုက်ဘူးလို့ ဝန်ခံထားတဲ့ Jisoo ကတော့ …

Jisoo ဟာ အမြဲတမ်းပျော်ရွှင်နေတတ်သူဖြစ်ပြီး BLACKPINK အဖွဲ့ဝင်တွေကို အရမ်းဂရုစိုက်တတ်သူဖြစ်လို့ BLINK တွေက Jisoo ကို အားကိုးကြသလို၊ BLACKPINK အဖွဲ့ဝင်တွေကလည်း Jisoo ကို အရမ်းအားကိုးကြပါတယ်။

အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်တာကြောင့် တာဝန်အယူတတ်ဆုံးကလည်း Jisoo ဖြစ်ပြီး အငယ်တွေကို အမြဲအားပေးနေတတ်သူ ဖြစ်ပါတယ်။ တချို့အခိုက်အတန့်တွေမှာ ခံစားချက်ပြင်းထန်ပြီး မျက်ရည်ကျစရာ အခိုက်အတန့်တွေ ရှိပေမယ့် Jisoo ငိုတာ မြင်ရဖို့ အရမ်းခက်ပါတယ်။

“ကျွန်မ ငိုတဲ့အခါ အဖွဲ့ဝင်တွေ ဘယ်သူမှမသိအောင် တိတ်တိတ်လေး သွားငိုလေ့ရှိတယ်”လို့ Jisoo က ဖွင့်ဟဖူးပြီး ဒါဟာ အငယ်တွေကို သူ့ကြောင့် စိတ်မကြည်မသာ ဖြစ်မှာ စိုးရိမ်တာကြောင့်ပါ။

YG Entertainment ဟာ အမျိုးသမီးအဖွဲ့သစ်ကို ၂၀၁၃ ကတည်းက ပွဲထုတ်ဖို့ လုပ်ခဲ့ပေမယ့် ၂၀၁၆ မှာမှ ပွဲထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကာလအတွင်း Jisoo အပါအဝင် BLACKPINK အဖွဲ့ဝင်တွေနဲ့ သင်တန်းသူတွေဟာ ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရတာပါ။

Music Show တွေမှာ ဆုရတဲ့အခါ၊ Concert တွေမှာ ခံစားချက်ပြင်းထန်လာတဲ့အခါ BLACKPINK အဖွဲ့ဝင်တွေ ငိုတတ်ပေမယ့် Jisoo ကတော့ ထိန်းချုပ်ထားလေ့ရှိပြီး အားလုံးကို နှစ်သိမ့်တတ်ပါတယ်။ Lisa က သူတို့လက်တွဲခဲ့တဲ့ တစ်လျှောက် Jisoo ငိုတာကို မမြင်ဖူးဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ Rosé ကတော့ Jisoo ငိုတာကို တစ်ကြိမ်မြင်ဖူးတယ်လို့ ဆိုပါတယ်။ “စတိတ်ဖျော်ဖြေမှုတစ်ခုမှာ မမ Jennie ခြေချင်းဝတ် ဒဏ်ရာရတုန်းက တစ်ခါပဲ မမ Jisoo ငိုတာကို ကျွန်မ မြင်ဖူးပါတယ်”လို့ ဆိုပါတယ်။

BLACKPINK အဖွဲ့ပွဲထွက်ပြီး စတိတ်ဖျော်ဖြေမှုတွေ တောက်လျှောက်လုပ်နေချိန်မှာ Jennie ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး မသက်သာပေမယ့် Jennie ဟာ အကိုက်အခဲပျောက်ဆေးသောက်ပြီး ပြီးဆုံးအောင် ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

အဲဒီမြင်တဲ့အခါ YG မှာ နှစ်ပေါင်းများစွာ ညီအစ်မတွေလို လက်တွဲခဲ့တဲ့ Jisoo က Jennie အတွက် ရင်ကွဲခဲ့တာဖြစ်ပြီး မျက်ရည်ကျခဲ့တာလို့ ဆိုပါတယ်။

— ဃဲ
Ref: Koreaboo