■ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ချီးကျူးမှုတွေကို မကျေမနပ်တုံ့ပြန်လိုက်တဲ့ Song Hye Kyo

— – – ချီးကျူးခံရသူတိုင်း ဝမ်းသာကြလေ့ရှိပေမဲ့ နာမည်ကျော်မင်းသမီး Song Hye Kyo ကတော့ မကျေမနပ် တုံ့ပြန်ခဲ့ပြီး အကြောင်းကတော့ …

Netflix Korea က သူတို့ရဲ့ hit series ‘The Glory’ အတွက် ‘Commentary & Reaction’ video ကို သူတို့ရဲ့ official YouTube channel မှာတင်ခဲ့ပြီး စာရေးဆရာမ Kim Eun Sook နဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက သူတို့ရဲ့အမြင်တွေကို ပြောပြခဲ့တာပါ။

‘The Glory’ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ အထူးချီးကျူးခံရသူကတော့ ခေါင်းဆောင်မင်းသမီး Song Hye Kyo ဖြစ်ပြီး ပရိသတ်တွေဆီမှာသာမက ဝေဖန်သူတွေရဲ့ ချီးကျူးခြင်းကိုပါ ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီချီးကျူးမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို မင်းသမီး Song Hye Kyo က “ကျွန်မ နည်းနည်းတော့ စိတ်ပျက်မိပါတယ်။ အခု ချီးကျူးသံတွေကြားရတဲ့အခါ အခုအချိန်ထိ ငါ ဘာလုပ်နေတာလဲလို့ တွေးမိပါတယ်။

ကျွန်မအနေနဲ့ ပရိသတ်တွေကို ကျွန်မရဲ့ အခုလိုသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ အလုံအလောက် မပြသရသေးဘူးဆိုတာ နားလည်သွားပါတယ်။ အနာဂတ်မှာ ကျွန်မအနေနဲ့ အခုထက်ပိုပြီး ကြိုးစားရမှာပေါ့”လို့ ဆိုခဲ့တာပါ။

‘The Glory’ ဇာတ်လမ်းတွဲအတွက် Song Hye Kyo ရဲ့ ပြင်ဆင်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကို စာရေးဆရာမ Kim Eun Sook ကလည်း အထူးတလည်ချီးကျူးခဲ့ပါတယ်။

Ref: AllKpop