■ သူ့သားလေးက Son Ye Jin နဲ့ပိုတူလား သူနဲ့ပိုတူလား ပြောပြခဲ့တဲ့ Hyun Bin

— – – ၂၀၂၂ နိုဝင်ဘာမှာ သူတို့ဘဝထဲ ဝင်ရောက်လာတဲ့ သားလေးဟာ အမေနဲ့ ပိုတူလား၊ အဖေနဲ့ ပိုတူလားဆိုတာက Hyun Bin ကိုယ်တိုင်က …

KBS2 ရဲ့ ‘Entertainment Live’ အစီအစဉ်မှာ ‘Bargain’ ရုပ်ရှင်က အဓိကသရုပ်ဆောင်တွေ ဖြစ်တဲ့ Hwang Jung Min, Kang Ki Young နဲ့ Hyun Bin တို့ဟာ သူတို့ရုပ်ရှင်ကို ပရိုမိုးရှင်းလုပ်ရင်း အင်တာဗျူးပါ တစ်ပါတည်း လုပ်ခဲ့တာပါ။

အဲဒီအစီအစဉ်မှာ Hyun Bin ကို သတင်းကောင်းပါး မေးမြန်းရာမှာတော့ သူက ‘Confidential Assignment 2’ အောင်မြင်တဲ့အတွက် အရမ်းဝမ်းသာကြောင်းနဲ့ သူတို့ဘဝထဲ သားယောကျ်ား ဝင်ရောက်လာတဲ့အတွက် အရမ်းပျော်ကြောင်း ပြောကြားခဲ့တာပါ။

အဲဒီမှာ အင်တာဗျူးကို Live ကြည့်နေတဲ့ ပရိသတ်တစ်ယောက်က သားလေးက အမေနဲ့ ပိုတူလား၊ အဖေနဲ့ ပိုတူလားလို့ Hyun Bin ကို မေးမြန်းခဲ့ရာမှာတော့ Hyun Bin က အောက်ပါအတိုင်း စဉ်းစဉ်းစားစားနဲ့ ပြန်ဖြေခဲ့တာပါ။

Hyun Bin က “ကျွန်တော် သေချာမပြောနိုင်သေးဘူး ထင်တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးနဲ့ နည်းနည်းစီ တူမယ်ထင်တယ်။ ဒါပေမဲ့ ကလေးဆိုတာမျိုးက အရွယ်ရောက်လာတဲ့အခါ ရုပ်အပြောင်းအလဲ အများကြီး ဖြစ်တတ်လို့ လူတော်တော်များများ ပြောကြတာကို ကြားဖူးပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာမလဲ ကျွန်တော်လည်း အရမ်းသိချင်နေပါတယ်”လို့ ပြောဆိုခဲ့တာပါ။

Hyun Bin ဟာ နာမည်ကျော်ကိုရီးယားမင်းသမီး Son Ye Jin နဲ့ ၂၀၂၂ မတ်လ (၃၁) ရက်မှာ လက်ထပ်ခဲ့ပြီး ၂၀၂၂ နိုဝင်ဘာ (၂၇) ရက်မှာ Son Ye Jin က သူတို့ရဲ့ သားဦးလေးကို မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။

Ref: AllKpop